Thursday, January 30, 2014

Files Upload & Sharing with Google Drive

ခု 2013 ထဲ အရောက်မှာ Mediafire မှာ Sign Up လုပ်ပြီး ဆော့ဝဲလ်တွေနဲ့ တစ်ခြား ဖိုင်တွေ Upload တင်ပြီး မျှဝေနေတဲ့

သူငယ်ချင်း တော်တော်များများ အကောင့်တွေ ဘမ်းခံရ ဖျက်ခံရနဲ့ တစ်ချို့ကျတော့ ဖိုင်တွေပဲ ဖျက်တာခံရပါတယ်။

တစ်ခြား Upload တင်လို့ ရတဲ့ ဆိုဒ်တွေဆိုလည်း အဲဒီအတိုင်းပါပဲ ကိုယ်တင်ထားတာက Copy Right ငြိလို့ ဖျက်ခံရတာတို့

တင်ပြီး ၆လ ၁နှစ်လောက်နေတာနဲ့ လင့်ပျက်သွားတာတို့နဲ့ ခဏခဏ Upload ပြန်တင်နေရတာက စိတ်ပျက်စရာပါ။

ကိုယ်ပိုင် ကွန်ပျူတာနဲ့ အင်တာနက်ကို အမြဲသုံးနေနိုင်တဲ့လူတွေကတော့ အဆင်ပြေမှာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခါတင်ပြီး

ကြာကြာခံမယ်ဆို မကြိုက်တဲ့လူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဖိုင်တွေ Upload တင်လို့ ရတဲ့ ဆိုဒ်တွေထဲမှာ ကျွန်တော်

ရှာဖွေတွေ့ရှိပြီး အသုံးများတဲ့ ဆိုဒ်တွေကတော့ http://sites.google.com နဲ့ http://code.google.com ဆိုဒ်တွေပါပဲ။

blogger တွေ အသုံးများတဲ့ ဆိုဒ်ကတော့ http://code.google.com ဖြစ်မယ် ထင်ပါတယ်။ သူ့ကို js ဖိုင်တွေ တင်တဲ့နေရာမှာ


သုံးကြပါတယ်။ ဆော့ဝဲလ်တွေနဲ့ တစ်ခြားဖိုင်တွေလည်း တင်ချင်ရင် တင်လို့ ရပါတယ်။ http://sites.google.com ကတော့

Flash Song တွေ PDF ဖိုင်တွေ တင်မယ်ဆိုရင် ဒါရိုက်လည်း ဖွင့်ပြီး နားထောင်လို့ ကြည့်လို့ ရပါတယ်။ အဆင်ပြေသလို သုံးပေါ့။

အဲဒီဆိုဒ်တွေကတော့ ဖိုင်ဆိုဒ် 30MB ဝန်ကျင်လောက်ထိပဲ အများဆုံး တင်လို့ ရပါတယ်။ သူ့ထက် ဖိုင်ဆိုဒ်ကြီးသွားရင်

တင်ရတာ အဆင်မပြေတော့ပါဘူး။ ဒါနဲ့ ဖိုင်ဆိုဒ်ကြီးတာတွေ တင်နိုင်ပြီး ရေရှည်ခံမယ့် ဆိုဒ် လိုက်ရှာတော့ www.4shared.com

ဆိုတာ တွေ့မိတယ်။ ၅ နှစ်လောက်ထိ ကြာရှည်ခံတာ တွေ့တယ်။ အဲဒီဆိုဒ်က မလေးဘာသာနဲ့ ရေးထားတော့ လူတိုင်း ဖတ်လို့

အဆင်မပြေမှာနဲ့ Download လုပ်တဲ့အခါမှာလည်း Register လုပ်ပြီးသား လူတွေသာ ဒေါင်းလို့ ရမှာဆိုတော့ အဆင်မပြေပြန်ဘူး

ကျွန်တော် ဒီနေ့တော့ ဖိုင်တွေ လုံခြုံစိတ်ချရပြီး ရေရှည်သိမ်းထားနိုင်မယ့် ဖိုင်ဆိုဒ်အကြီးကြီးတွေပါ တင်လို့ရတဲ့ အရမ်းကောင်းတဲ့

ဆိုဒ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ တစ်ခြား ဖိုင်တွေ Upload တင်ပြီး ပြန်လည်မျှဝေနေသူတွေအားလုံး အသုံးပြုစေချင်တဲ့ စေတနာနဲ့

ဖိုင်တွေကို ဘယ်လို Upload တင်ပြီး ဘယ်လို ရှယ်ရမလဲဆိုတာကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။ 


[1] ပထမဦးဆုံး http://drive.google.com/ ကို သွားပြီး သင့် Gmail အကောင့်နဲ့ Sign In လုပ်ပါ။



[2] အောက်က စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ Upload ကို နှိပ်ပြီး သင်တင်ချင်တဲ့ ဖိုင်ကို တင်နိုင်ပါတယ်။

New Folder ကို နှိပ်ပြီး ကိုယ်တင်တဲ့ ဖိုင်အမျိုးအစားအလိုက် Folder လေးတွေ ခွဲထားလို့ ရပါတယ်။ အကောင့်တစ်ခုကို

စုစုပေါင်း 5GB အထိ သိမ်းဆည်းပြီး ပြန်ရှယ်ပေးလို့ ရပါတယ်။




[3]ဒီအောက်က ပုံကတော့ ကျွန်တော် Photoshop CS3 Portable နဲ့ တစ်ခြား ဖိုင်၂ ခုကို တင်ပြီးသွားတာ ဖြစ်ပါတယ်။



[4] ခု ကိုယ် Upload တင်ထားတဲ့ ဖိုင်ကို ဘယ်လိုမျှဝေရမလဲ ဆိုတာကို ရှင်းပြပေးပါမယ်။ အောက်ကပုံလေး အတိုင်း ကိုယ် Share

ချင်တဲ့ ဖိုင်နာမည်ရဲ့ ရှေ့မှာ အမှတ်ခြစ်လေး လုပ်ပြီးတော့ More >> Share >>Share  ကို ဆက်သွားပြီး နှိပ်ပါ။





အဲဒါဆိုရင်တော့ အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်။ Change.. ကို နှိပ်ပေးပါ။



Sharing settings ပိုင်းမှာ Pubic on the web ကို ရွေးပြီး Save လုပ်ပါ။ ဒါဆိုရင်တော့ ကိုယ်ရှယ်ပေးတဲ့ ဆော့ဝဲလ် [သို့] ဖိုင်ကို

Download လုပ်ယူတဲ့အခါ ဘယ်သူမဆို Gmail sign in လုပ်စရာမလိုပဲ အဆင်ပြေစွာ ဒေါင်းယူလို့ ရနိုင်ပါလိမ့်မယ်။





အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ချိန်မှာ Google Drive ကို အသုံးပြီး ဖိုင်တွေ Upload တင်ပြီး

ပြန်လည်မျှဝေသူတွေ ပေါများလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဖိုင်တွေ လုံခြုံစိတ်ချရပြီး ကြာရှာစွာ သိမ်းဆည်း မျှဝေနိုင်မယ့်

Files Store တစ်ခုအဖြစ်  Google Drive ကို အသုံးပြုကြဖို့လည်း သူငယ်ချင်းများကို အသိပေး တိုက်တွန်းလိုက်ရပါတယ်။

CREATED TO ITWEBCRAZY

Blog မှာ မြန်မာဖောင့်အလှတွေ ရေးလို့ရအောင် စမ်းထားတာပါ။ (Myanmar Fonts)

ကျွန်တော် ညတုန်းက Blog မှာ မြန်မာဖောင့်အလှတွေ ရေးလို့ရအောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတာနဲ့

စာတွေ လိုက်ဖတ်ပြီး စမ်းလုပ်ကြည့်တာ။ ပထမဦးဆုံး ကိုယ့်စက်မှာတော့ ဖတ်လို့ရအောင် လုပ်နိုင်ခဲ့ပါတယ်။နောက်

သူငယ်ချင်းတွေကို ပေးပြီး ဖတ်ကြည့်ခိုင်းတော့ စာတွေက အင်္ဂလိပ်လိုတွေနဲ့ပဲ ပေါ်ပြီး ဘာစာတွေမှန်း မသိတော့ဘူး။

အဲဒါနဲ့ ဒီဖောင့်မရှိတဲ့ စက်တွေမှာလည်း ဖတ်လို့ ရဖို့ ကုတ်တွေထပ်ရှာပြီး လုပ်ကြည့်တော့မှ အဆင်ပြေခဲ့ပါတယ်..။

ခုက သူငယ်ချင်းတို့ကို ကျွန်တော် စမ်းထားတာလေး အောင်မြင်လို့ အသိပေးရင်းနဲ့ ကြွားလိုက်တာပေါ့ဂျာ :)

အောက်မှာ Screenshot ရိုက်ပြပေးထားပါတယ်..



https://googledrive.com/host/0B2_DQmuprDoiWkxPM0h5cWlyZ1k/Yin%20Khon%20Than%20Ma%20Pyaung%20Lal%20Kyay.mp3

Web Design HTML and CSS


အင်တာနက်ပေါ်က Web Page တွေကို ဘယ်လို ဖန်တီး တည်ဆောက်သလဲဆိုတာကို ဖော်ပြထားပြီး

အခြေခံအကျဆုံး HTML , CSS Programming အကြောင်း ရေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။

ကိုယ်ပိုင် Web Site ရှိသူတွေ ၊ Web Design တွေ ဖန်တီးတာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် 

ဒီစာအုပ်လေးက အရမ်းကို အထောက်အကူဖြစ်စေမှာပါ။ သေချာလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

Download: Web Design HTML and CSS


Website, Blog များကို Apk လုပ်နည်း ( How to create a site to Application for phone)


ဒီနောက်ပိုင်း Android ဖုန်းတွေ အသုံးများလာတော့ မိမိရဲ့ Website, Blog တွေကို Android App အဖြစ်ဖန်တီးပြုလုပ်

ပြီးတော့ တင်ပေးကြပါတယ်။ ကိုယ့်ဆိုဒ်ကို အမြဲလာဖြစ်တဲ့ သူတွေအနေနဲ့ အဲဒီကိုယ် လုပ်ပေးထားတဲ့ Apk လေးကို 

Install လုပ်ပြီး အင်တာနက်သုံးပြီး တစ်ခါဖွင့်ထားလိုက်တာနဲ့ နောက်တစ်ခါကို Off line ကနေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ့်ဆိုဒ်ကို သပ်သပ်လာစရာမလိုတော့ပဲ ကိုယ်အမြဲသုံးနေတဲ့ ဖုန်းကနေ အလွယ်တကူ ဖတ်လို့ရတာပေါ့။

အဲဒါနဲ့ ကျွန်တော်လည်း ကိုယ့် Blog လေးကို အမြဲ လာလည်နေတဲ့ သူငယ်ချင်းတွေအတွက် Android App လေးတစ်ခု


လုပ်ပေးရင် ကောင်းမယ်ဆိုပြီး စဉ်းစားမိတာနဲ့ Website, Blog များကို Apk လုပ်နည်း ဆိုတဲ့ EBook လေး တွေ့တာနဲ့

သေချာဖတ်ပြီး လုပ်လိုက်တာ အဆင်ပြေသွားပါတယ်။ အဲဒီတော့ ကိုယ်ပိုင် Website, Blog လေးတွေ လုပ်ထားကြတဲ့

သူငယ်ချင်းတွေအတွက် ကျွန်တော် ဒေါင်းထားတဲ့ Ebook လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အဆင်ပြေပါတယ်။

Download: Website, Blog များကို Apk လုပ်နည်း


YouTube က Video တွေကို Mp3 Mp4 ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်း

့ YouTube က Video တွေကို Mp3, Mp4 ကိုယ်လိုချင်တဲ့ ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်းလေး

ပြောပြပေးပါမယ်။ ဘာ Downloader ဆော့ဝဲလ် ၊ ဘာ Add On မှ မသုံးပါဘူး။ ဆိုဒ်တစ်ခုမှာ သွားပြီး လုပ်ယူတာပါ။

YouTube to mp3 ပြောင်းပေးတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ဆိုဒ်တော်တော်များများက Convert လုပ်ရတယ်။

ပြီးတော့ 128kbps နဲ့ပဲ ဒေါင်းဖို့ပေးတာများတယ်။ အနော့်လိုင်းလည်း အရမ်းကြီးမဆိုးပေမယ့် သိပ်တော့မမြန်ပါဘူး။

မလိုအပ်ပဲ Convert လုပ်နေရတော့ လိုင်းစားသလို အချိန်လည်း ကုန်တယ်။ ပြီးတော့ ဖိုင်ဆိုဒ်ကြီးနေတော့ ပိုဆိုးပြီ။

Downloader ဆော့ဝဲလ်တွေကလည်း ကြောင်တောင်တောင် ၊ Add On တွေကလည်း Browser Version မြင့်လာတော့

အလုပ်မလုပ်တော့တာလည်း ရှိတယ်။ ခုပြောမယ့် ဆိုဒ်လေးက Convert လည်းမလုပ်နေဘူး။ Mp3 သီချင်းဆိုရင်လည်း

64kbps, 96kbps, 128kbps, 320kbps စတဲ့ Audio Qualities မျိုးစုံကို ကြိုက်တာနဲ့ ရွေးပြီး ဒေါင်းယူလို့ရတယ်။ ပြီးတော့


Flv , Mp4 စတဲ့ Video ဖော်မက်တွေကို ကွာလတီမျိုးစုံနဲ့ ဒေါင်းယူလို့ရတော့ အရမ်း အရမ်းကို ကောင်းတဲ့ဆိုဒ်လေးပါပဲ။

အောက်မှာ ကျွန်တော် မိစန္ဒီရဲ့ ရေခဲရိုက်အပြုံး ဆိုတဲ့ သီချင်းလေးကို YouTube ဆိုဒ်က လင့်ယူပြီး ဒေါင်းထားတာပါ။

ပထမဦးဆုံး သီချင်းတွေကို YouTube ဆိုဒ်မှာ သွားပြီးတော့ Search Box မှာ ကိုယ်လိုချင်တဲ့ သီချင်းကို ရိုက်ပြီး ရှာပါ။ 

တွေ့ပြီဆိုရင် အဲဒီ YouTube က Video လင့်ကို ကော်ပီကူးပါ။ [အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်နော်..။]



ပြီးရင် အောက်မှာ ပေးထားတဲ့ဆိုဒ်ကို သွားပြီးတော့ အောက်မှာ ပြထားတဲ့ Box လေးထဲကို ခုန ကော်ပီကူးထားတဲ့ 

လင့်ထည့်ပြီး dirpy ကို နှိပ်ပါ။ အဲဒါဆို Mp3, Mp4 ဒေါင်းလုပ် လုပ်ရမယ့် စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။



Friday, June 8, 2012

♦♦ မြန်မာ FLASH သီချင်းများ ♦♦

အင်တာနက်ချစ်သူ          ပြန်လာမဲ့အချိန်           “မ” အတွက်သီချင်း           ပြန်လာပါ        ကော်ရုပ်လေး
လွမ်းဆွတ်ခွင့်                  ချစ်သူ-ရိန်မိုး        အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့     ပထမအနမ်း   ချစ်သူသိပါစေ

ဆိုက်ကို ဘယ်လို link ပြန်ညွှန်းခိုင်းမလဲ

Let's use Nyi Nay Min Site for example :

 အောက်က code တွေကို copy ကူးပြီး Page Elements >> Add a Gadget ကိုသွားပြီးတာနဲ့ html ကို ရွေးပြီး ကူးထည့်လိုက်ပါ . လိုအပ်တာ တွေကိုပဲ လိုက်ပြောင်းပါ . textarea ကို 25 ပေးထားပါတယ် .. အဆင်ပြေသလို ပေးလိုက်ပါ . ကို့ဆိုက်နဲ့  ကိုက်သလိုပေါ့ ..

<center><a href="http://www.nyinaymin.com"><img src="http://img30.picoodle.com/img/img30/2/7/12/nyinaymin/f_referm_8e944a9.gif"/></a></center>

<textarea cols="25"><center><a href="http://www.nyinaymin.com" target="_blank"><img src="http://img30.picoodle.com/img/img30/2/7/12/nyinaymin/f_referm_8e944a9.gif" border="0" alt="www.nyinaymin.com" /></a></center></textarea>

ကဲ အပေါ်မှာ မှင်အနီနဲ့ရေးထားတာက ကို့ရဲ့ ဆိုက်လိပ်စာဖြည့်ရမှာပါ . မှင် ပန်းရောင်နဲ့ရေးထားတာကတော့ ကိုထည့်ပေးမယ့် ကို့ဆိုက်အတွက် ဒီဇိုင်းပုံ လှလှလေးပေါ့ . photoshop ပိုင်ရင်ပိုင်သလို လုပ်လို့ရပါတယ် . နောက်ပိုင်းကျွန်တော် photoshop အတွက် ပုံစံလှလှလေးတွေ လုပ်ပုံလုပ်နည်း ထပ်တင်ပေးပါဦးမယ် . ပေးချင်တာတွေကတော့ အများကြီးပဲ . ဗိုင်းရပ်စ်ရေးသားပုံ ရေးသားနည်းအချို့ရယ် ၊ ဟိုတစ်နေ့က ပြောခဲ့တဲ့ အထူးအစီအစဉ်ရယ် . တင်ပေးစရာ program တွေရယ် . အများကြီးပဲ အခုတော့ တောင်းဆိုတာတွေကို ဦးစားပေးပြီး တင်ပေးသွားပါ့မယ် ..