့ YouTube က Video တွေကို Mp3, Mp4 ကိုယ်လိုချင်တဲ့ ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်းလေး
ပြောပြပေးပါမယ်။ ဘာ Downloader ဆော့ဝဲလ် ၊ ဘာ Add On မှ မသုံးပါဘူး။ ဆိုဒ်တစ်ခုမှာ သွားပြီး လုပ်ယူတာပါ။
YouTube to mp3 ပြောင်းပေးတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ဆိုဒ်တော်တော်များများက Convert လုပ်ရတယ်။
ပြီးတော့ 128kbps နဲ့ပဲ ဒေါင်းဖို့ပေးတာများတယ်။ အနော့်လိုင်းလည်း အရမ်းကြီးမဆိုးပေမယ့် သိပ်တော့မမြန်ပါဘူး။
မလိုအပ်ပဲ Convert လုပ်နေရတော့ လိုင်းစားသလို အချိန်လည်း ကုန်တယ်။ ပြီးတော့ ဖိုင်ဆိုဒ်ကြီးနေတော့ ပိုဆိုးပြီ။
Downloader ဆော့ဝဲလ်တွေကလည်း ကြောင်တောင်တောင် ၊ Add On တွေကလည်း Browser Version မြင့်လာတော့
အလုပ်မလုပ်တော့တာလည်း ရှိတယ်။ ခုပြောမယ့် ဆိုဒ်လေးက Convert လည်းမလုပ်နေဘူး။ Mp3 သီချင်းဆိုရင်လည်း
64kbps, 96kbps, 128kbps, 320kbps စတဲ့ Audio Qualities မျိုးစုံကို ကြိုက်တာနဲ့ ရွေးပြီး ဒေါင်းယူလို့ရတယ်။ ပြီးတော့
Flv , Mp4 စတဲ့ Video ဖော်မက်တွေကို ကွာလတီမျိုးစုံနဲ့ ဒေါင်းယူလို့ရတော့ အရမ်း အရမ်းကို ကောင်းတဲ့ဆိုဒ်လေးပါပဲ။
အောက်မှာ ကျွန်တော် မိစန္ဒီရဲ့ ရေခဲရိုက်အပြုံး ဆိုတဲ့ သီချင်းလေးကို YouTube ဆိုဒ်က လင့်ယူပြီး ဒေါင်းထားတာပါ။
ပထမဦးဆုံး သီချင်းတွေကို YouTube ဆိုဒ်မှာ သွားပြီးတော့ Search Box မှာ ကိုယ်လိုချင်တဲ့ သီချင်းကို ရိုက်ပြီး ရှာပါ။
တွေ့ပြီဆိုရင် အဲဒီ YouTube က Video လင့်ကို ကော်ပီကူးပါ။ [အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်နော်..။]
ပြီးရင် အောက်မှာ ပေးထားတဲ့ဆိုဒ်ကို သွားပြီးတော့ အောက်မှာ ပြထားတဲ့ Box လေးထဲကို ခုန ကော်ပီကူးထားတဲ့
လင့်ထည့်ပြီး dirpy ကို နှိပ်ပါ။ အဲဒါဆို Mp3, Mp4 ဒေါင်းလုပ် လုပ်ရမယ့် စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။

I recently found many useful information in your website especially this blog page. Among the lots of comments on your articles. Thanks for sharing.
ReplyDeleteMiraclepianist Youtube Downloader For Videos